မြန်မာ့အရေးဆွေးနွေးမှု အာဆီယံအတွက် အကျိုးများကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

RFA Burmese
2025.02.03
မြန်မာ့အရေးဆွေးနွေးမှု အာဆီယံအတွက် အကျိုးများကြောင်း ထိုင်းဝန်ကြီးချုပ်ပြော ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်အား ၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တွေ့ဆုံမှုဟာ အာဆီယံအတွက် အကျိုးများစေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်က ပြောလိုက်ပါတယ်။

သူတို့နှစ်ဦး တွေ့ဆုံရာမှာ ဒီနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံအတွက် အရေးကြီးကိစ္စဖြစ်တဲ့ မြန်မာ့အရေးကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းအောင် ဆောင်ရွက်ပေးဖို့ ကတိရှိနေပြီး မြန်မာနိုင်ငံဘက်ကလည်း ငြိမ်းချမ်းရေးကို လိုလားကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုတယ်လို့ The Nation သတင်းမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖော်ပြပါတယ်။

ဒါ့အပြင် ဒီဆွေးနွေးပွဲဟာ အာဆီယံတစ်ခုလုံးအတွက်တင်မကဘဲ ဒေသတွင်းက လေထုညစ်ညမ်းမှုနဲ့ ရေကြီးရေလျှံပြဿနာတွေကို ဖြေရှင်းရေးအတွက် အထောက်အကူဖြစ်စေမယ်လို့လည်း ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို အာဆီယံအဖွဲ့ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အနေနဲ့ မလေးရှားဝန်ကြီးချုပ်က ခန့်အပ်ထားတာဖြစ်ပြီး သက်ဆင်ဟာ ဖေဖော်ဝါရီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ မလေးရှားနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ကျော်စိုးလင်း ခ စိုးလင်း
2025-02-04 08:27

ထောက်ခံကြောင်း ပေးပို့ပါတယ် မြန်မာနိူင်ငံကြီး အေးချမ်းနေတာကိုလိုလားပါတယ် ပြည်သာအာဏ ပြည်သူပြန်ရရင် မြန်မာနိူင်ငံကြီးကအေးချမ်းသွားမယ်လို့ရုံကြည်ပါတယ် အားလုံး ကူညီပေးစေချင်ပါတယ် အားလုံးကိုယ်ကျေးဇူးတင်ပါတယ်