The Hakha Post သတင်းဌာနကို စစ်ကောင်စီတပ် ဝင်စီး

ချင်းပြည်နယ် ဟားခါးမြို့ အခြေစိုက်ဖြစ်တဲ့ The Hakha Post သတင်းဌာနကို ဧပြီ ၃ ရက်နေ့က စစ်ကောင်စီ တပ်က ဝင်ရောက်စီးနင်း စာရွက်စာတမ်းတချို့နဲ့ ကွန်ပျူတာ သုံးလုံးကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

“၃ ရက်နေ့က မနက် ၁၁ နာရီမှာ တံခါးဖောက်ပြီးတော့ အထဲကို ဝင်တယ်။ နောက်ပြီးတော့ ကွန်ပျူတာ သုံးလုံးနဲ့ စာရွက်စာတမ်း တချို့ကို ယူသွားတယ်ဗျ။ လူတွေကတော့မရှိဘူး။ ရုံးက ပိတ်ထားတာ နှစ်ပတ်လောက်ရှိပြီလေ”

The Hakha Post သတင်းဌာနဟာ ၂၀၁၀ ဇန်နဝါရီ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ချင်းပြည်နယ်အတွင်းက သတင်းတွေကို ဟားခါး ချင်းဘာသာစကားနဲ့ စာစောင်အနေနဲ့ရော Facebook Page ကနေပါ တင်ဆက်ပေး နေတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး နှစ်ပတ်လောက်အထိတော့ ထုတ်နေသေးတယ်။ အဲနောက်ပိုင်း စာစောင်မထုတ်တော့ဘဲ Facebook page ကနေပဲ သတင်းတင်တာမျိုး လုပ်နေရတယ်လို့ ဟားခါးပိုစ့် အယ်ဒီတာချုပ်က RFA ကို ပြောပါတယ်။