The Interview ဇာတ်ကားခွေ ရန်ကုန်မှာ သိမ်း

2015-01-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အမေရိကန် ဆိုနီရုပ်ရှင်ကုမ္ပဏီက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကို သရော်လှောင်ပြောင် ရိုက်ကူးထား တဲ့ The Interview ဆိုတဲ့ ရုပ်ရှင်ကား ဇာတ်လမ်း ခွေတွေကို ရန်ကုန်မြို့မှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က လိုက်လံသိမ်း ဆည်းနေတာဟာ မြောက်ကိုရီးယားရဲ့ဖိအားကြောင့်ဖြစ်တယ်လို့ သတင်းမီဒီ ယာတွေက ပြောဆိုကြကြောင်း ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြောက်ကိုရီးယား သံအမတ်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ကိုတွေ့ဆုံပြီး၊ ဒီဇာတ်လမ်းခွေတွေ မရောင်းချရေး သင့်တော်သလို ဆောင် ရွက်ပေးဖို့ တိုက်တွန်းခဲ့ပြီး၊ အဲ့ဒီဇာတ်လမ်းခွေတွေ ရရှိနိုင်တဲ့ဆိုင် အမည်စာရင်း ကိုပါပေးခဲ့တယ် လို့ဧရာဝတီသတင်းမဂ္ဂဇင်းက ဖေါ်ပြခဲ့ပါတယ်။

ရိုက်တာ ကိုလည်း ရန်ကုန်မြို့က ဆိုင်ကြီးတစ်ဆိုင်က သူတို့ဆိုင်ကို မြောက်ကိုရီးယား သံရုံးက အရာရှိတွေလာရောက် ခဲ့ကြ ပြီး၊ အဲ့ဒီဇာတ်လမ်းခွေ ရှိမ ရှိမေးမြန်းခဲ့ကြကြောင်း၊ ဒီအခွေတွေ့ခဲ့တဲ့ဆိုင်တွေကို ရဲတပ်ဖွဲ့ ကို အကြောင်းကြားခဲ့ တယ်လို့ ကြားသိရကြောင်း ပြောဆိုခဲ့တယ်လို့ ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။

အဲ့ဒီဇာတ်လမ်းခွေ ဆက်ရောင်းနေရင် ဆိုင်ကို ပိတ်သိမ်းတဲ့အထိအရေးယူမယ်လို့ ရဲက သတိပေးခဲ့ကြောင်းလည်း သိရပါတယ်။

ဒါပေမဲ့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့တော့ The Interview ဆိုတဲ့ ရုပ်ရှင်ကားကိုသာ ရှာဖွေ ဖမ်းဆီးတာမဟုတ်ဘဲ ၊ တရားမ၀င် ဇာတ်လမ်းခွေတွေအားလုံးကို ဖမ်းဆီးတာဖြစ်တယ် လို့ပြောဆိုပါတယ်။

ကွန်မင့်များ (5)
Share

AGAINST IDIOT

နေရပ်- MY COUNTRY

LOOK LIKE CHIEF GANGSTER ORDER TO STUPID GANGSTER TO DO STUPID JOB...MYANMAR MYANMAR YOU GOVERNMENT ONLY CARE FOR YOUR FATHER CHINA AND YOUR STEP FATHER NORTH KOREA....YOU 3 DIRTY STUPID IDIOTS IN ASIA....

Jan 17, 2015 09:13 AM

မျောက်သစ်ကိုင်းလွတ် ခွေတွေ

နေရပ်- ရမယ် ရမယ်

“ရန်ကုန်တိုင်းရဲတပ်ဖွဲ့တော့ The Interview ဆိုတဲ့ ရုပ်ရှင်ကားကိုသာ ရှာဖွေ ဖမ်းဆီးတာမဟုတ်ဘဲ ၊ တရားမ၀င် ဇာတ်လမ်းခွေတွေအားလုံးကို ဖမ်းဆီးတာဖြစ်တယ် လို့ပြောဆို ပါတယ်။ ”
(တိုးတိုးပြော) အဲဒါ ဟုတ်တယ်။ သူတို့က Interview
ခွေတွေ သိမ်းသွားပြီး မှောင်ခို ပြန်ထုတ်မှာ။ အရင်းမလိုပဲ မျက်မျက်လေးရမှာ။ လိုချင်ရင် ၁ ခွေ (..ကျပ် ).. ဖုန်း ၀၉ -၀၀၇၀၀၇၈၉ ဆက်လိုက်။ အိမ်အရောက် ပို့ပေးတယ်။

Jan 17, 2015 12:14 AM

Kyaw

နေရပ်- USA

I am so shameful of Myanmar Military Government. You are afraid of pressure of Chinese Government and North Korea Government. Where is Myanmar sovereignty? Wonderful Myanmar Military Government!

Jan 16, 2015 03:23 PM

ကြောက်

နေရပ်- ဒူးတုန်

ဝန်ကြီးဦးအောင်မင်းခင်ဗျား..
စစ်ဗိုလ်ချုပ်ကြီးများ “ကြောက်”ရတဲ့ထဲမှာ “မြောက်ကိုးရီးယား”ပါ
ပါသလား။

Jan 16, 2015 12:13 PM

ရှေ့ဆောင် နွားလား

နေရပ်- ဖြောင့်ဖြောင့်သွားက

RAMBO 4 နဲ့ STEALTH ဇာတ်ကားလည်း ပြပြီးရော
ရိုးမတောထဲ နေပြည်တော်ကို သွားတည်ရော။ ခုလည်း “ကိုအ၀ှါလေး” တောပြောင်းသင့်ပြီ။

Jan 16, 2015 12:10 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့