အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ် မစ္စတာ ပစ်ဆူဝန်ဟာ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးစဉ် သမ္မတဦးသိန်းစိန်က ကတိပေးခဲ့တာလို့ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ ဒီအတော အတွင်း အာအက်ဖ်အေကရရှိတဲ့ တခြားသတင်းတစ်ပုဒ်မှာ ဖီလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Albert del Rosario က မကြာသေးခင်က သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်က သူ့ကို ပြောကြားခဲ့တဲ့အတိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်း ပြန်လှည့်မှာ မဟုတ်ဘူးဆိုတာကို ယုံကြည်ပါကြောင်း ဒီကနေ့ ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ အခြေခံပြောင်းလဲချက် အတော်များများကို ကြည့်ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ခိုင်ခိုင်မာမာ လျှောက်လှမ်းနေ ပြီလို့ ယုံကြည်ရကြောင်း သူက ဆိုပါတယ်။