သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တတိယအကြိမ်မြောက် တွေ့ဆုံခဲ့တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က RFA ကို အတည်ပြု ပြောကြားပါတယ်။
2012-08-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
RFA

"၉ နာရီမှာ တွေ့တာ သေချာတယ်။ ဟိုတခါတုန်းက တိုင်းရင်းသားတွေနဲ့ တွေ့ခဲ့တဲ့ နေရာမှာ တွေ့တာပါ။ ဟိုဘက်ကပဲ သတင်းထုတ်ပါလိမ့်မယ်။"

ဒီကနေ့ တွေ့ဆုံမှုမှာ စက်မှုဝန်ကြီး ဦးစိုးသိန်းနဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းတို့ ပါဝင်ကြောင်း၊ သမ္မတ ဦးသိန်းစိန် အနေနဲ့ မတူတာတွေ ဘေးဖယ်ပြီး၊ နိုင်ငံနဲ့ လူမျိုးအတွက် တူညီတာတွေ ပူးပေါင်း လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံတာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက အကြီးတန်းအရာရှိ တစ်ဦးက RFA ကို ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ၂၀၁၁ ခုနှစ် သြဂုတ်လက တစ်ကြိမ်၊ အခုနှစ် ဧပြီလက တစ်ကြိမ် နေပြည်တော် သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ သတင်းပတ်တွေ အတွင်း နိုင်ငံရေးပါတီ အများအပြားနဲ့ တွေ့ဆုံခဲ့ပြီး များမကြာခင် မှာလည်း ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ဆက်လက် တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

ကွန်မင့်များ (6)
Share

အောင်ကျော်စန်

နေရပ်- ကျောက်ဖြူ

RFA BBC VOA တို့ခင်ဗျာ
သမ္မ တ ကြီး နဲ့ ဒေါ် စု ကို ပြောပေးပါ
Message: မပြောင်းလဲသေးပါ
အောက်ခြေပိုင်းက လတ်စားတယ် ပြောပေမဲ့ အပေါ် ပိုင်းကလဲ
မပြောင်းလဲ သေးပါ ဌာန တွေ မှာ နိုင်ငံအကြီးအကဲက ခန့်ထားတဲ့
ဒု ၀န်ကြီး ၊ ညွှန်ချုပ် ။ ဦးညွှန်မှူး တွေ ကို ကြည့် လိုက် ရင် ၊ ၀န်ကြီး တွေ ၇ဲ့ 
နောက် လိုက် တွေ ပဲ လုပ် နေကြ တယ် ၊၊ ၀န်ကြီးတွေ က လဲ ဌာနတွင်း
အာဏာ ရှင် တွေ လုပ်တုန်းပဲ ၊၊။ ။ ။။။။။

Aug 14, 2012 06:55 AM

ကိုကိုမောင်

ကိုဘရေ - တိုင်းပြည်ခေါင်းဆောင်လုပ်တဲ့လူတွေက အချိန်မတိုင်ခင် ရှိရှိသမျှ တိုင်းပြည်ကို ချပြလို့ မရဘူးဗျ။ ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီးတွေမှာလဲ အစိုးရ လျှိဝှက်ချက်ဆိုတာ ရှိတာဘဲ။ နားလည်ရမှာပေါ့

Aug 13, 2012 03:13 PM

Hla Oo

နေရပ်- Yangon

I think we need to be unity because this is critical time in Burma now!! You know, now situation is very important for all people in Burma!!! I respect President Thein Sein and Burma democracy leader Daw Aung San Suu Kyi. But if you want to discuss about Rohingya, I want to advice you that pls discuss with Burmese-Rakhine Historian Dr. Aye Chan, Professor of history at Kanda University of International Study, Japan. He knows very well about Rohingya's hyposcrisy. Please visit these websites: http://www.youtube.com/playlist?list=PL2353D2F1BC3CE7B0 and http://hlaoo1980.blogspot.com/2012/06/development-of-muslim-enclave-in-arakan.html

Aug 13, 2012 08:08 AM

အမည်မဖော်လိုသူ

I am very glad to President and Amay Suu meeting. It supporsed to meet more then three times including other politicians parties then we can get right answer for our nation ( all myanmar citizen ) not only burma. Because this country is belong to all citizen, not only for burma. I am burmese but I do not support racist, no matter who we are, if we are Myanmar citizens, we all must have same opportunities.

Aug 13, 2012 12:10 AM

နှိင်ငံရေး ကိုဘ

နေရပ်- နေပြည်တော်

သမ္မတ ဦးသိန်စိန် နဲ ဒေါ်စု ဟာ၂၀၁၁သြဂုတ်လကတစ်ကြိမ် အခုတစ်ကြိမ်ဆိုတောနှစ်ကြိမ်ထည်းမှာ ဘာတွေကိုဆွေးနည်းခဲ့ကြတယ်ဆိုတာကို ပြည်သူ့သိရှိအောင် သတင်းတစ်ခါမထုတ်ပြန်ခဲ့ပါဘူး။ဒါဟာ သွေးရိုး သားရိုးနဲဆွဲနည်းနေကြတာဖြစ်ပါမလား။မျက်လှည့်ပြသလို ပြည်သူနဲ တိုင်းရင်းသားတွေကို လှည့်ကွက်များဆင်နေသလားလိုတွေမိတယ်။ထင်သာမြင်သာတဲဆွေးနည်းမှုလုပ်ဖိုတယ်လိုပြောနေတဲ့ ပုဂ္ဂိုလ်တောင်ထင်သာမြင်သာမရှိတဲ ဆွေးနည်းမှုဖြစ်နေပါလား။အချိန်မကြသည်းလို မထုတ်ပြန်သည်းတာလိုအကြောင်းပြရင်လည်းပြမှာပေါ

Aug 12, 2012 10:21 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့