နောက်ကြောင်းပြန်လှည့်မှာ မဟုတ်လို့ သမ္မတဦးသိန်းစိန်ပြော
2012.01.20
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာ သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်တွင် တွေ့ဆုံနေစဉ်။ (ဓါတ်ပုံ - အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန)
US State Department
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့ အတွက် နောက်ကြောင်း ပြန်လှည့်ဖို့ ရည်ရွယ်ချက် မရှိတဲ့ အကြောင်း၊ အနောက်နိုင်ငံတွေ အနေနဲ့ သူတို့ လုပ်ဆောင်သင့်တာတွေကို
လုပ်ဆောင်ပေးဖို့သာ လိုအပ်တဲ့ အကြောင်းလည်း ဦးသိန်းစိန်က ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂနိုင်ငံများ အဖွဲ့ဟာ မြန်မာ အစိုးရဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကို ချီးကျူး အသိအမှတ် ပြုထားပြီး ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်
ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ ဆက်လက် စောင့်ကြည့်မယ် လို့လည်း ပြောကြားထား ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ရွေးကောက်ပွဲမှာ ပြည်သူက တင်မြှောက်လို့ လွှတ်တော်အမတ် ဖြစ်လာပြီးတဲ့နောက် အစိုးရ အဖွဲ့မှာ ဝန်ကြီးတစ်ဦး ဖြစ်လာနိုင်ပါတယ် လို့လည်း သမ္မတ
ဦးသိန်းစိန်က ပြောပါတယ်။









