U-report ထုတ်လွှင့်မည်


2016.08.18
u-report-620.JPG U- report လို့ခေါ်တဲ့ လူမှုကွန်ရက်ကတဆင့် လူငယ်တွေရဲ့ အသံတွေ ထုတ်လွှင့်မယ့် အစီအစဉ်ကို သြဂုတ်လ ၁၈ ရက်နေ့က နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာ မိတ်ဆက်ပွဲပြုလုပ်စဉ်
Photo: Win Ko Ko Latt/RFA

ကမ္ဘာ့နိုင်ငံပေါင်း ၂၅ နိုင်ငံက လူငယ်ပေါင်း ၂ သန်းနီးပါးပါဝင်ကြတဲ့ U- report လို့ခေါ်တဲ့ လူမှုကွန် ရက်ကတစ်ဆင့် လူငယ်တွေရဲ့ အသံတွေ ထုတ်လွှင့်မယ့် အစီအစဉ်တရပ်ကို ဒီကနေ့ နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေက လူငယ်တွေအချင်းချင်း သိချင်တဲ့မေးခွန်းတွေကို အပြန်အလှန် ဖြေကြားပေးတဲ့ အစီအစဉ်ဖြစ်ကြောင်း U-report အစီအစဉ်ကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုပြည့်ဖြိုးအောင် က ရှင်းပြပါတယ်။

"ဒီမေးခွန်းတွေဟာ အဖွဲ့အစည်းတစ်ခုကပေးတဲ့ မေးခွန်းလည်းမဟုတ်ဘူး၊ တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးကို သွားလိုက်ပြီး လူငယ်တွေနဲ့ workshop လုပ်တယ်၊ ကျနော်တို့လူငယ်တွေ ဘယ်လိုမေးခွန်းတွေ မေးသင့်တာလဲ၊ အခုဆိုရင် မန္တလေးမှာ ပထမဦးဆုံးလုပ်ထားတယ်၊ နောက်ပိုင်းတွေသွားဖို့ရှိတယ်၊ လူငယ်တွေနဲ့အတူ မေး ခွန်းတွေကို develop လုပ်လိုက်တယ်၊ အဲ့မေးခွန်းတွေကို လူငယ်တွေကပဲ ပြန်ဆုံးဖြတ်တယ်၊ ဒီမေးခွန်းတွေမှာ ဘယ်မေးခွန်းတွေကို ဘယ်လတွေမှာမေးကြမလဲ၊ ဥပမာ တချို့မေးခွန်းတွေက ကျောင်းတက်ရာသီနဲ့ သွားတိုက် ဆိုင်တာလေးတွေရှိတယ်၊ အဲ့လိုမျိုးလူငယ်တွေနဲ့ပဲ၊  လူငယ်ရဲ့အသံကို အဓိကယူထားတယ်"

လူငယ်တွေအနေနဲ့ ကျန်းမာရေး၊ ပညာရေး စတာတွေကို လူငယ်တွေက လေ့လာနိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။

အဲ့ဒီအစီအစဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ UNICEF မြန်မာတို့က ပူးပေါင်းပါဝင်ကူညီကြတာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၂၅ နိုင်ငံက လူငယ်ပေါင်း ၂ သန်းနီးပါး ပါဝင်နေကြတဲ့ U- report အစီအစဉ် ကို မြန်မာလူငယ်တွေကလည်း မနှစ်က စတင်လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနက ညွန်ကြားရေးမှူး ဦးအောင်ကျော်မိုးက U-report အစီအစဉ်ပြုလုပ်ခြင်းက လူငယ့်အသံတွေ ကို စုစည်းနိုင်မှာဖြစ်ပြီး လူငယ်မူဝါဒရေးဆွဲရာမှာ ထည့်သွင်းမယ်ဆို အထောက် အကူပြုမယ်လို့ ပြောပါတယ်။

UNICEF မြန်မာဌာနေ ကိုယ်စားလှယ် Mr Bertrand Bainvel က U-report အစီအစဉ်က ဒစ်ဂျစ်တယ် အစီအစဉ်ဖြစ်လို့ အချိန်မကုန်ဘဲ လူငယ်တွေကို ထင်ဟပ်တဲ့ တုန့်ပြန်မှုတွေရတာမြန်သလို ဖုန်းတွေကနေ စာတိုစနစ် (SMS) အခမဲ့ပေးပို့ဖို့ ညှိနှိုင်းနေတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။