ရခိုင်ပြည်နယ်မှာ အခြေအနေပိုဆိုးလာကြောင်း UNOCHA ထုတ်ပြန်

မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်နေတဲ့ ရခိုင်ပြည်နယ်မှာ မြို့တော်စစ်တွေကို ရိုက်ခတ်မှုရှိလာပြီး၊ အခြေအနေပိုဆိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ စစ်တွေမြို့ပေါ် လက်နက်ကြီးကျတဲ့အပြင် လူတွေထွက်ပြေးတိမ်းရှောင်တာတွေ များလာသလို ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေလည်း ပျက်စီးလာပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစလို့ ပလက်ဝနဲ့ ရခိုင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည် တစ်သိန်းခွဲနီးပါးရှိခဲ့ပါတယ်။ ဒါကြောင့် အရင်ကရှိထားတဲ့ ဒုက္ခသည်တွေနဲ့ပေါင်းရင် ရခိုင်ပြည်နယ်မှာ ဒုက္ခသည် သုံးသိန်းခွဲအထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ်မှာ ရေလမ်းရော၊ ကုန်းလမ်းပါ ပိတ်ပင်ခံထားရတဲ့အတွက် မရှိမဖြစ် အိမ်သုံးပစ္စည်းတွေနဲ့ စားသောက်ကုန်တွေ ရှားပါးပြီး စျေးတက်လာတာ၊ အင်တာနက်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး ဖြတ်တောက်ခံရတာကို လူထုကရင်ဆိုင်နေရတယ်လို့ UNOCH က ဆိုပါတယ်။

ဒုက္ခသည်စခန်းတွေက ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ဖြစ်နိုင်တဲ့နေရာတွေကို ဆက်လက်ထောက်ပံ့နေတယ်လို့ ဆိုပါတယ်။