ကုလလုံခြုံရေးကောင်စီ အရေးယူပေးဖို့ လူ့အခွင့်အရေးအဖွဲ့ ၄ ဖွဲ့ ထပ်မံပန်ကြား

2018-05-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ ၂ဝ၁၈ ဧပြီလ ၃ဝ ရက်နေ့က နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာစဉ်
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ ၂ဝ၁၈ ဧပြီလ ၃ဝ ရက်နေ့က နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာစဉ်
AFP Photo

မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ကျုးလွန်ဖောက်ဖျက်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူ ဖြေရှင်းပေးရေးအတွက် တောင်းဆိုတဲ့ သတင်းစာရှင်းလင်းပွဲကို နိုင်ငံတကာမှာ သြဇာကြီးမားတဲ့ လူ့အခွင့်အရေးအဖွဲ့ကြီး ၄ ခုက ဦးဆောင်ပြီး ဒီနေ့မနက် နယူးယောက် ဒေသစံတော်ချိန် ၁၁ နာရီမှာ ကျင်းပမယ်လို့ သိရပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေဖြစ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI၊ Fortify Rights နဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး အကာကွယ်ပေးရေးဆိုင်ရာ ဗဟိုဌာန Global Center for R2P အဖွဲ့တွေ ဦးဆောင်ပြီး အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာရှိတဲ့ သတင်းထောက်များအသင်းမှာ ပြုလုပ်မှာ ဖြစ်တယ်လို့ အဖွဲ့တွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို မကြာခင်က ခရီးရောက်ရှိ လေ့လာခဲ့ပြီးဖြစ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ရိုဟင်ဂျာတွေအတွက် မျှတတဲ့တရားစီရင်ရေးရရှိအောင် အမြန်ဆုံး ဖြေ ရှင်းဆောင်ရွက်ပေးသင့်ကြောင်း၊ မိမိတို့အဖွဲ့အစည်းတွေအနေနဲ့ ဒေသတွင်း စုံစမ်းလေ့လာချက်တွေအရ ဆက်လက်ဖြစ်ပေါ်နေတဲ့ လူမျိုးတုံးရှင်းလင်းမှုနဲ့ လူသားထုတရပ်လုံးအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ် မှု မြောက်တဲ့ တွေ့ရှိချက်အသစ်တွေကို ထုတ်ပြန်ကြေညာသွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့