အစိုးရက ၀အဖွဲ့ကို ရိက္ခာ ပြန်ပေး

အစိုးရနဲ့ ငြိမ်းချမ်းရေး စကားပြောနေတဲ့ UWSA ၀ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ကို အစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန်အိတ်တထောင် ထောက်ပံ့တယ်လို့ ၀ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့က ပြောဆိုပါတယ်။
2011-09-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အစိုးရနှင့် အပစ်ခတ်ရပ်စဲထားတဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ် UWSA တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေစဉ်
အစိုးရနှင့် အပစ်ခတ်ရပ်စဲထားတဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ် UWSA တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေစဉ်
(Photo: Courtesy of UWSA)

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေက ရှမ်းပြည်နယ် အစိုးရနဲ့ ၀ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့တို့ ကျိုင်းတုံမြို့မှာ တွေ့ဆုံပြီး ယာယီ သဘောတူညီချက် လေးချက်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

အခုလို လက်မှတ် ရေးထိုးခဲ့ပြီးတဲ့နောက် အောက်တိုဘာလ အတွက် အစိုးရက UWSA ကို ရိက္ခာ ထောက်ပံ့ရေး အစီအစဉ် အရ ဆန်အိတ် တထောင် လားရှိုးမြို့မှာ ထုတ်ပေးလိုက်တာပါ။ ဒီထောက်ပံ့မှုဟာ အရင်က ထောက်ပံ့တဲ့ ပုံစံဖြစ်တယ်လို့ UWSA အရာရှိ တဦးက ပြောပါတယ်။

"လားရှိုးကထုတ်ပြီး ရှေ့တန်းတပ်တွေကို ပြန်ဖြန့်ပေးတာပေါ့။ အဲဒီမှာ ကျနော်တို့ရဲ့ ၃၁၈ တပ်မဟာတို့၊ ၄၁၈ တပ်မတို့ တန့်ယန်းနဲ့ နီးတဲ့တပ်တွေက အဲဒီ ဆန်တွေ စားကြတယ်လေ။ ဆန်က မကောင်းတော့ ဆန်ကို လားရှိုးမှာ ရောင်း၊ ပြီးတော့ ရောင်းရတဲ့ငွေကို ဘဏ္ဍာရေး ဌာနကို လာအပ်တယ်။ ဘဏ္ဍာဌာနက တရုတ်ပြည်က ဆန်ကို ၀ယ်ပြီးတော့ တပ်တွေကို ပြန်ထောက်ပံ့တယ်။"

အရင် ငြိမ်းချမ်းရေး ယူပြီးတဲ့ အချိန်က စပြီး UWSA ကို အစိုးရက လစဉ် ဆန်အိတ်လေးထောင်၊ လောင်စာဆီ ပီပါ ၃၀၀ နှင့် ရဲလစာ မြန်မာကျပ်ငွေ ၁၀သိန်း ထုတ်ပေးနေရာမှာ ၂၀၀၉ ခုနှစ် က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး UWSA က လက်မခံတဲ့ အတွက် ထောက်ပံ့တာတွေကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း UWSA ကိုယ်စားလှယ် အဖွဲ့တဖွဲ့ဟာ အစိုးရနဲ့ ဒုတိယ အကြိမ် ငြိမ်းချမ်းရေး စကားပြောဆိုဖို့ ဒီကနေ့ လားရှိုးမြို့ကို ထွက်ခွာသွားတယ်လို့ သတင်းရရှိပါတယ်။

ဆွေးနွေးပွဲကို အောက်တိုဘာ ၁ ရက်နေ့မှာ ကျင်းပဖို့်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အစိုးရနဲ့ စစ်ဖြစ်နေတဲ့ KIO ကိုယ်စားလှယ် အဖွဲ့ UWSA ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ လာရောက် ဆွေးနွေးတယ်ဆိုတဲ့ သတင်းတွေ ရရှိသလို ဆွေးနွေးပွဲ အောင်မြင်မှု မရရှိဘူးဆိုတဲ့ အတည်ပြုလို့ မရတဲ့ သတင်းတွေ ရရှိပါတယ်။

ကွန်မင့်များ (3)
Share

(

UWSA is only a puppet doll, Actual figure is Chinese government's secret operation figure what purpose to give warning to Burma government and make Burma stay in poverty by civil war back by China. Why don't they demand a state from China where they can stay more people. Even now, Most of UWSA people come from CHINA.

May 29, 2013 02:03 PM

အမည်မဖော်လိုသူ

We should stop fighting with KIA/KNU and fight to UWSA.

Sep 30, 2011 11:48 PM

(

You don't know. Actually they are from China.

Jun 11, 2013 05:01 PM

အမည်မဖော်လိုသူ

ဝတွေကအစိုးရထက်တောင်ချမ်းသာတယ် ၀ကငြိမ်းချမ်းရေးဆိုပေမဲရင်ထဲမှာဓားမြောင်ဖွတ်ထားတယ်ဗမာတွေကိုနည်းနည်းမှယုံသာမဟုတ်ဘူး
ခုဝတွေကသတိအနေအထားမှာအမြဲရှိနေတယ်
ငြိမ်းချမ်းရေးလို့ ပြောပေမဲ့စစ်ရေးပြင်ဆင်မူတွေ
တော့ရပ်မှာမဟုတ်ဘူးသေခြာတယ်

Sep 30, 2011 04:23 AM

(

You are right, They made big mine field covered by very soft and deep dirt field. CHINA supported Helicopters, Bran-carriers and so on, had been demonstrated at the ceremony of Wa festival, but they lied to government delegations that they have no engines. Very funny, why those vehicles could drive at military ceremony that anybody can watch in YouTube.

May 30, 2013 09:48 AM

ဆိုက်တခုလုံးသို့