ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒု သမ္မတအဖြစ် အဆိုပြု

လစ်လပ်သွားတဲ့ ဒုတိယသမ္မတ နေရာအတွက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးမြင့်ဆွေကို တပ်မတော်သား ကိုယ်စားလှယ်တွေက အဆိုပြုလိုက်တယ်လို့ ဒီကနေ့ သတင်းရရှိပါတယ်။
2012-07-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ
RFA

ခုလို ဒုတိယ သမ္မတအဖြစ် ရွေးချယ်ခံရမယ့်သူဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်သူ ဖြစ်မယ်လို့ မျှော်လင့်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

"အစတုန်းက အန်တီပြောသလိုပဲပေါ့နော်။ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ ထွန်းသားရေးအတွက် လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်"

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဒုတိယ သမ္မတ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်မှာသာ တင်သွင်းနိုင်ပြီး ဒီကနေ့မှာ ပြည်ထောင်စုလွှတ်တော် မရှိတဲ့အတွက် ဒုတိယ သမ္မတလောင်း အမည်ကို တပ်မတော်သား ကိုယ်စားလှယ်တွေက ချိတ်ပိတ် ပေးပို့ကြမှာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

"ကျွန်တော်တို့ သိသလောက် တပ်မတော်သားတွေကို တာဝန်ပေးတဲ့ ပုဂ္ဂိုလ်က ပြည်ထောင်စုလွှတ်တော်ရဲ့ နာယကကြီးဆီကို ဒီနေ့ သဝဏ်လွှာပါးနိုင်တယ်ဗျ။ သဝဏ်လွှာ ဆိုတာကလည်း ချိတ်ပိတ်စာအိတ်ဖြစ်ဖို့ များပါတယ်။ ဦးမြင့်ဆွေဆိုတဲ့ အသံ ထွက်တာတော့ ကြာခဲ့ပါပြီ။ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး နေမကောင်းဖြစ်တဲ့ သတင်းကြားကတည်းက ဦးမြင့်ဆွေရယ်၊ ဦးလှဌေးဝင်းရယ်ဆိုတာ၊ ဦးမြင့်ဆွေဆိုရင် ဗိုလ်ချုပ်မှူးကြီးနဲ့ ရင်းနှီးတာပေါ့ဗျာ။ ဦးလှဌေးဝင်းဆိုရင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ရင်းနှီးတာပေါ့။ အဲဒီတုန်းက အဲဒီလိုမျိုး ဇာတ်လမ်းတွေရှိခဲ့တယ် ကြားတာလေ"

အသက် ၆၁ နှစ် ရှိပြီဖြစ်တဲ့ ဦးမြင့်ဆွေဟာ မွန်လူမျိုးဖြစ်ပြီး ၁၉၇၁ ခုနှစ်မှာ မေမြို့စစ်တက္ကသိုလ် အပတ်စဉ် (၁၅) က ဆင်းလာသူလို့ သိရပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ရန်ကုန်တိုင်း လုံခြုံရေးအတွက် တပ်မ ၁၁ ကိုကိုင်တွယ်ခဲ့သလို ၂၀၀၄ ခုနှစ်မှာ ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်မှာပဲ စစ်ထောက်လှမ်းရေး အကြီးအကဲအဖြစ် ပူးတွဲ တာဝန်ယူခဲ့သူလို့ ဆိုပါတယ်။

၂၀၀၅ ခုနှစ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးပေးခံရသူဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ အမှတ် ၅ အထူး စစ်ဆင်ရေးမှူး ဖြစ်လာခဲ့ပြီး ရန်ကုန်နဲ့ နေပြည်တော် လုံခြုံရေး၊ စစ်ရေးတွေပါ ကိုင်တွယ်ခဲ့သူလို့ သိရပါတယ်။ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို အင်အားသုံး ဖြိုခွဲသူတွေထဲမှာ အဓိက တာဝန်ရှိသူအဖြစ် ထင်ရှားတယ်လို့ ဆိုပါတယ်။

သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီး မောင်အေးတို့နဲ့ နီးစပ်သူအဖြစ်လည်း ပြောကြပါတယ်။ ဦးမြင့်ဆွေဟာ သဘောထား တင်းမာသူအဖြစ် ထင်ကြေးပေး ခံရပေမယ့် သီဟသူရ ဦးတင်အောင်မြင့်ဦးထက် ပိုပျော့ပြောင်းသူ အဖြစ်လည်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြကြပါတယ်။

ကွန်မင့်များ (4)
Share

ဦးဇင်း

နရေပျ- ပျော်ဘွယ်

ဦးဇင်းတော့ လူထွက်တော့မှဘဲ။ တော်ကြာ ဒုတိယအကြိမ် ရွှေဝါရောင်ဖြစ်လာရင် မလွယ်ဘူးလေ။ ဦးဇင်းလည်း သေမှာကြောက်တာကို။ဒုသမ္မတကြီးရာထူးမရပါစေနဲ့လို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။

Jul 12, 2012 07:21 AM

Myo Win

နေရပ်- Brooklyn

ဒီလူကတော်တော်ဆိုးတဲ့လူပါ ခေါင်းထဲမှာဘာတစခုမှမရှိဘူးသု့အတွက်ကလွဲရင်
တောင်ဥက္ကလာကဘုရားမြေကိုတောင်အကုန်လုံးကန့်ကွက်နေတဲကြားထဲက
ဆာကူရာဌေးအောင်တို့နဲ့ပေါင်းပြီးအဆင့်မြင့်အိမ်ရာလုပ်ပြီးရောင်းစားခဲ့တယ်။

Jul 11, 2012 09:32 PM

အမည်မဖော်လိုသူ

ဒုတိယ လူသတ်အများဆုံး လူး ကို ရွေးတာလား

Jul 11, 2012 07:40 AM

THITHI

နေရပ်- malaysia

ဦးမြင့်ဆွေကို ဘာလို့ ဒုသမတ္တခန့်အပ်ပါသနည်း
သတင်းတခုကြားပါသည် ဦးမြင့်ဆွေသည် ဒေါ်ကြိုင်ကြိုင်၏ တူဖြစ်သည်ဟုကြားသိ၇ပါသည် သို့ပါသောကြောင့် ဒုသမ္မတနေရာကို ၇ခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေပါသည် ၎င်းဖြစ်၇ပ်ကို ကြည့်ခြင်းအားဖြင့် ကြိုးကိုင်နေသူဟာ ယခုလက်၇ှိထိ အာဏာကို ထိန်းချုပ်ထားဆဲဖြစ်သည်မှာ အထင်အ၇ှားပင်ဖြစ်ပါသည်။

Jul 10, 2012 10:16 PM

ဆိုက်တခုလုံးသို့