ဝ ပြည်သူတွေ နိုင်ငံရေးအာမခံချက်ရဖို့ တပ်အင်အားတည်ဆောက်တာလို့ UWSP ပြော
2019.04.18
နိုင်ငံတစ်နိုင်ငံမှာ တပ်မတော် တစ်ခုတည်းရှိရေး မူဝါဒကို နားလည်သဘောပေါက်ပြီး ဖြစ်သင့်တယ်ဆိုတာ သိပေမယ့် လက်ရှိအခြေအနေမှာ ဝ ပြည်သူတွေရဲ့ နိုင်ငံရေး အာမခံချက်ရဖို့ ဝတပ်ဖွဲ့အင်အားကို တည်ဆောက် ရတာဖြစ်ကြာင်း ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ပြင်ပဆက်ဆံရေး ဌာနမှူး ဦးကျောက်ကော်အန်းက ပြောကြားလိုက်ပါတယ်။
တပ်မတော် တစ်ခုတည်းရှိရေး မှုဝါဒကို နားလည် သဘောပေါက် နိုင်ပေမယ့် ၀ ပြည်သူတွေရဲ့ နိုင်ငံရေး အာမခံချက်ရဖို့ ၀ တပ်ဖွဲ့အင်အားကို တည်ဆောက်ရတာဖြစ်ကြောင်း ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဒုတိယ ဥက္ကဋ္ဌ ဦးကျောက်ကော်အန်း က ပြောကြားလိုက်ပါတယ်။
ဒီနေ့ ပန်ဆန်းမြို့က UWSA ဗဟိုဌာနချုပ် အစည်းအဝေးခန်းမမှာ UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယ ဥက္ကဋ္ဌ နဲ့ ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက ဘာသာပြန်က တဆင့် အဲဒီလို ပြောကြားခဲ့တာပါ။
၀ တပ်ဖွဲ့ကို တည်ဆောက်နေတာဟာ ကိုယ့်လူထုကို ကာကွယ်ဖို့ ပြင်ဆင်တာပဲဖြစ်ပြီး အစိုးရကို တိုက်ဖို့ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
UWSA ထိန်းချုပ်ရာ ၀ ဒေသမှာ တပ်အင်အား ဘယ်လောက်ရှိပါသလဲ လို့ RFA က မေးမြန်းရာမှာ တိုက်ရိုက်ဖြေ ကြားတာမရှိပဲ တိုက်ပွဲမရှိရင် ပြည်သူဖြစ်ပြီး တိုက်ပွဲရှိလာရင် ကျုးကျော်ရန်စလာရင်တော့ အားလုံးက စစ်သားတွေဖြစ်တယ်လို့ ဦးကျောက်ကော်အန်းက ပြောပါတယ်။
တဆက်တည်းမှာပဲ ၀ ဒေသမှာ ကလေးစစ်သား လုံး၀ မရှိပါဘူးလို့လည်း ဦးကျောက်ကော်အန်းက ပြောပါတယ်။
၀ ပြည်သူတွေ၊ ခေါင်းဆောင်တွေအနေနဲ့ ငြိမ်းချမ်းရေးကိုသာလိုလားပြီး ပြင်ဆင်ဆောင်ရွက်နေရတာဖြစ်ကြောင်းနဲ့ ဘယ်သူ့ကိုမှ သွားတိုက်ဖို့ မဟုတ်ဘူးလို့လည်းပြောပါတယ်။
ဒါ့အပြင် ၀ ဒေသကို ပြည်နယ်အဆင့် သတ်မှတ်ပေးဖို့ အစိုးရကို တောင်းဆိ ထားပေမယ့် နိုင်ငံတော်ဘက်က တုံ့ပြန်တာ မရှိသေးဘူးလို့လည်း ဦကျောက်ကော်အန်းက ပြောပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးရေးနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က UWSA ဟာ ပြည်နယ်အဆင့်အပါအဝင် ပြည်ထောင်စုအဆင့်အထိ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ကြောင်းနဲ့ အဲဒီလိုထိုးပြီးရင် UWSA အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို တက်ရောက်နိုင်မယ်လို့ ကတိပေးခဲ့ပေမယ့် အခု အစိုးရလက်ထက်မှာ NCA ထိုးဖို့ ပြောနေတာဟာ ရှေ့နောက်မညီတဲ့ သဘောမျိုးတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုကံသာ ပေးပို့တာပါ။