တိုင်းနဲ့ပြည်နယ် ၅ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးဇလ သတိပေး


2019.08.22
ye-flooding-622.jpg မွန်ပြည်နယ် ရေးမြို့မှာ ရေကြီးနေတာကို ၂၀၁၉၊ သြဂုတ် ၁၂ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - အောင်သိင်္ခ/ RFA

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ မုတ်သုံလေ အားကောင်းနေတာကြောင့် မွန်၊ ပဲခူး၊ တနင်္သာရီ၊ ရခိုင်၊ ကရင်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တာကြောင့် ရေကြီး၊ မြေပြိုတာတွေကို သတိထားသင့်တယ်လို့  မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကချင်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ ရှမ်းတောင်၊ မွန်၊ ကရင် ၊ တနင်္သာရီ စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မိုးများမယ့်ရက်ဟာ ၈ ရက်ကနေ ၁၀ ရက်အထိ ရှိနိုင်ပြီး ချင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရှမ်း(မြောက်နဲ့အရှေ့) ၊ ကယားပြည်နယ်တွေမှာတော့ မိုးရွာရက်က ၅ ရက်ကနေ ၇ ရက်အတွင်း ရှိတယ်လု့ိလည်း ပြောပါတယ်။

စစ်တောင်းမြစ်ရေက မဒေါက်မြို့၊ ရွှေကျင်မြစ်ရေက ရွှေကျင်မြို့တွေမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

(RFA သတင်းထောက် မဇာဏီထွဏ်းက ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။