ယန်ဟီးလီ ကြေညာချက် ကုလထုတ်ပြန်


2017.07.25
yangheelee-press-620.JPG ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ဇူလိုင်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo: Htet Arkar/RFA

မြန်မာနိုင်ငံက ပြန်ရောက်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က မြန်မာ့လူ့အခွင့်အရေးအခြေအနေတွေဟာ ပိုမို ဆိုးရွား လာနေကြောင်း ပြောဆိုချက်ကို ကုလသမဂ္ဂရုံးက တနင်္လာနေ့ မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ခရီးစဉ် ၁၂ ရက်အတွင်း တွေ့ရှိချက်တွေထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သားတွေကို လူသားဒိုင်းသဖွယ် အကာအကွယ်အဖြစ် အသုံးပြုတာ၊ ညှဉ်းပမ်းနှိပ်စက်တာ၊ ထိန်းသိမ်းထားစဉ်အတွင် သေဆုံးတာစတဲ့ ဖြစ် ရပ်တွေတွေ့ရှိနေရဆဲဖစ်ကြောင်း၊ အရင်အစိုးရလက်ထက်က သုံးခဲ့တဲ့ နည်းလမ်းတွေကိုပဲ ပြန်သုံးနေ ဆဲဖြစ်နေတဲ့အတွက် စိတ်ပျက်ရကြောင်း၊ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ နေ့ချင်းညချင်းပေါ်ပေါက် လာမယ်လို့ ဘယ်သူကမှ မျှော်လင့် မထားပေမယ့် စစ်မှန်တဲ့ တိုးတက်မှုတော့ ရှိသင့်ကြောင်း၊ ကချင်ပြည်နယ်မှာ လူပေါင်း တသိန်း ဝန်းကျင်၊ ရခိုင်ပြည်နယ်မှာ တသိန်းနှစ်သောင်းကျော်ဟာ နေရာ ပြောင်းရွှေ့နေ ကြရတာ ၅ နှစ်ကျော်ခဲ့ြ့ပီဖြစ်ကြောင်း၊ ဒါ့ပြင် ခရီးစဉ်အတွင်း တချို့နေရာတွေကို အစိုးရက တာဆီးကန့်သတ်ခဲ့တဲ့အတွက် အံအားသင့်မိကြောင်း လည်း ဖေါ်ပြထားပါတယ်။

မစ္စယန်ဟီးလီ ဟာ သူ့ရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာအပြည့်အစုံကို လာမယ့် အောက်တို ဘာလအတွင်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်သွင်းမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။