မှုခင်းတွေ ထူပြောလာမှု ရန်ကုန်လွှတ်တော်မှာ အဆိုပြုဆွေးနွေး


2014.09.23
yangon-parliament-305.jpg မတ်လ ၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ကျင်းပစဉ်
Photo: MRTV website

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အဖြစ်များလာတဲ့ လူသတ်မှု၊ အုပ်စုဖွဲ့ တိုက်ခိုက်မှု၊ လက်နက်ကိုင် ရမ်းကားမှုတွေကို ထိထိရောက်ရောက် ဥပဒေတွေနဲ့ အရေးယူပေးဖို့အဆိုကို ဒီကနေ့  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အဲဒီအဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက တင်သွင်းခဲ့ တာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ရန်ကုန်တိုင်းအတွင်းက အမှုအခင်းအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို တရားခံဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း အခုလို ပြောခဲ့ပါတယ်။

"ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာ ဖြစ်ပေါ်လေ့ဖြစ်ပေါ်ထရှိတဲ့ ပြစ်မှုများ၊ ပြုလုပ်လေ့ပြုလုပ်ထရှိတဲ့ ပြစ်မှုအမျိုးအစားအလိုက် ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်စေရန် ဥပဒေနဲ့ ညီညွှတ်သော နည်းလမ်းပေါင်းစုံ အသုံးပြုပြီးတော့မှ ကာလတို၊ ကာလာ ရှည် စီမံချက်များ သုံးသပ်ရေးဆွဲပြီး မှုခင်းကြိုတင်ကာကွယ်ရေးကိစ္စရပ်များ ပြစ်မှုကျူးလွန်မှုအပေါ်မှာ ဖော်ထုတ် ဖမ်းဆီးပြီး တရားဥပဒေနဲ့အညီ တရားစွဲတင်ရေးကိစ္စရပ်များကို အပတ်တကုတ် ကြိုးစားဆောင်ရွက်လျှက် ရှိပါတယ်၊ နိုင်ငံတော်ရဲ့ အစီအမံနဲ့ ချမှတ်အကောင်အထည်ဖော်နေတဲ့ EU မှ  ရဲတပ်ဖွဲ့အရာရှိများ ဦးစီးပြီးတော့မှ တရားဥပဒေ စိုးမိုးရေးဆိုင်ရာသင်တန်းတွေ၊ လုံခြုံရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါတယ်"

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေတဲ့ လူသတ်မှုနဲ့ တိုက်ခိုက်မှုတွေကို ရဲစခန်းတွေက အရေးယူဆောင်ရွက် တာ အားနည်းနေသလို တရားရုံးတွေက ချမှတ်တဲ့ပြစ်ဒဏ်တွေဟာ နည်းနေကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။