ရေးမှာ ရေကျပေမယ့် အိမ်ပျက်စီးသူတွေ နေထိုင်ရေး အခက်အခဲဖြစ်


2019.08.12
ye-flooding-622.jpg မွန်ပြည်နယ် ရေးမြို့မှာ ရေကြီးနေတာကို ၂၀၁၉၊ သြဂုတ် ၁၂ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - အောင်သိင်္ခ/ RFA

နှစ်ပေါင်း ၆၀ အတွင်း ရေဘေးဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ မွန်ပြည်နယ် ရေးမြို့မှာ ရေပြန်ကျသွားပြီဖြစ်ပေမယ့် အနိမ့်ပိုင်းရပ်ကွက်က နေအိမ်တွေ ပျက်စီးသွားတာကြောင့် နေထိုင်ရေး အခက်အခဲဖြစ်နေပါတယ်။

ရပ်ကွက်ကိုးခုရှိတဲ့ ရေးမြို့ပေါ်မှာ အနိမ့်ပိုင်းရပ်ကွက် ခြောက်ရပ်ကွက်လောက် ရေနစ်မြုပ်ပြီး နေအိမ်တွေ ရေထဲအလုံးလိုက် မျောပါပျက်ဆီးသွားတာကြောင့် အခက်အခဲဖြစ်နေတာဖြစ်ပါတယ်။

ရေဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ဖို့ရှိကြောင်း ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းက RFA ကို ပြောပါတယ်။

ရေးမြို့နယ်မှာ ဒီနေ့အထိ တချို့နေရာတွေ ရေနစ်မြုပ်နေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အိမ်ခြေ ၁၃၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ကြောင်းလည်း ဦးကံဝင်းက ပြောပါတယ်။

ရေဘေးကြောင့် သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်တွေ ပျက်စီးဆုံးရှုံးတာတွေကို ပြန်လည်ထုတ်ပေးဖို့ ဆောင်ရွက်နေကြောင်း ရေးမြို့နယ် လဝက ဦးစီးမှူး ဦးမျိုးခိုင်က ပြောပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။