ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက်သမားတွေ တကျော့ပြန်ဝင်ရောက် တိုက်ခိုက်မယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံပြည်သူတွေစိုးရိမ်ထိတ်လန့်နေကြပါတယ်။ အထူးသဖြင့် အကြမ်းဖက်မှု ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မောင်တောဒေသခံတွေကြား စိုးရိမ်ပူပန်မှုတွေ ပိုပြီးတိုးလာနေပါတယ်။ အကြမ်းဖက်အန္တရာယ် တကျော့ပြန်ဖြစ်လာနိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။