တိုင်းရင်းသားတွေအပေါ် တရုတ်ဖိအားပေးနေသလား
2019.11.08
တရုတ်အစိုးရရဲ့ အာရှပစိဖိတ်ရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်းနဲ့ အဖွဲ့ လိုင်ဇာကို ရောက်ရှိစဉ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အင်နဲ့အားနဲ့ ပါဝင်လာနေတဲ့ တရုတ်နိုင်ငံဟာ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် လွှမ်းမိုးမှုတွေ ဖိအားပေးမှုတွေ ရှိနိုင်သလား ဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ တရုတ်နဲ့ အပြန်အလှန်နားလည်မှုနဲ့ ဆက်ဆံတာလို့ ဆိုပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။









