အမေရိကန် အိုင်အိုဝါပြည်နယ်မှာ မြန်မာတိုင်းရင်းသားနွယ်ဖွားတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ

ရဲစည်သူကာ
2020-06-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်မှာ မြန်မာနိုင်ငံကနေ ဒုက္ခသည်အဖြစ်နဲ့ ပြောင်းရွှေ့အခြေချနေထိုင်သူ တစ်သောင်းခန့် ရှိပါတယ်။

ဒီဒုက္ခသည်အများစုဟာ အသားထုတ်ပိုးတဲ့စက်ရုံတွေမှာ အလုပ်လုပ်နေကြပါတယ်။ အခုတော့ အဲဒီစက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၂၁ ဦးရှိပြီး သေဆုံးသူအနည်းဆုံး နှစ်ဦးရှိတယ်လို့ အမေရိကန်နိုင်ငံက အသံလွင့်ဌာနကြီးတခုဖြစ်တဲ့ NPR အမျိုးသားပြည်သူ့ ရေဒီယိုက ပြီးခဲ့တဲ့ဇွန်လ ၂၁ ရက်နေ့က ဖော်ပြထားပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုရဲစည်သူကာ တင်ပြထားပါတယ်။


ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့