0:00 / 0:00
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ NCA မှာ လက်မှတ်ရေးထိုးပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်ကြဖို့ မေတ္တာရပ်ခံလိုကြောင်းလည်း ပြောပါတယ်။ ပင်လုံမြို့က ပင်လုံကျောက်တိုင်ကွင်းမှာ ကျင်းပတဲ့ နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပြောကြားခဲ့တာတွေထဲက တချို့ကို RFA သတင်းထောက် မဝေမာထွန်း က ကောက်နှုတ်တင်ပြထားပါတယ်။