သမ္မတဟောင်းဦးသိန်းစိန်ရဲ့ ပြောဆိုချက်အပေါ် အမြင်များ

0:00 / 0:00

မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို အကြောင်းပြထားတဲ့ ‌ခေတ်သစ် ကိုလိုနီပြုခံရမယ့် အန္တရာယ်ရောက်နေတဲ့အတွက် တပ်မတော်နဲ့တိုင်းပြည်ကို ကာကွယ်မယ့် ပါတီနဲ့လူတွေကို မဲပေးကြဖို့ဆိုပြီး သမ္မတဟောင်း ဦးသိန်းစိန်က ဇန်နဝါရီလ ၅ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဌာနချုပ်က ဂါရဝပြုပွဲမှာ ပြောလိုက်ပါတယ်။

ဦးသိန်းစိန်ဟာ မဲဆွယ်ခွင့်မရှိသေးတဲ့အချိန်မှာ မဲဆွယ်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောလိုက်သလို ဒီစကားတွေဟာ အာဏာရှင်တွေပြောနေကျဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကတော့ ဝေဖန်ရေးဆိုတာ လုပ်သင့်ပေမယ့် အစိုးရအဆက်ဆက်ကြောင့်ဖြစ်ရတဲ့ အကျပ်အတည်းတွေအတွက် အချင်းချင်းအပြစ်မတင်သင့်တော့ဘဲ နိုင်ငံသားအားလုံး အကျိုးအတွက် ညီညွတ်ကြဖို့လိုပြီလို့ ရှုမြင်ပါတယ်။