0:00 / 0:00
၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာထုတ်ပြန်ခဲ့ပြီး ၂၀၁၈ ဇန်နဝါရီလမှာ စတင်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေအတွင်း ဆွေးနွေးတော့မယ့် အဆင့်မြင့်ပညာဥပဒေ (မူကြမ်း) မှာ ပညာရေးသုတေသနလုပ်ငန်းတွေကို စီးပွားရေးစနစ်နဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လက်အောက်ကို သွင်းထားတဲ့သဘော သက်ရောက်နေတာဟာ အရေးတကြီးဆွေးနွေးရမယ့် အကြောင်းအရာဖြစ်တယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ရဲ့ ဦးဆောင်သူ ဒေါက်တာသိန်းလွင်က ပြောပါတယ်။ ဒေါက်တာသိန်းလွင်ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။