မိုင်းလုံမြို့နယ်မှာ အရပ်သားလေးဦး သေဆုံးခဲ့

0:00 / 0:00

ရှမ်းပြည်မြောက်ပိုင်းမှာ သြင်္ကန်ရက် မတိုင်မီနဲ့ သြင်္ကန်ရက်တွေအတွင်း အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့တာမရှိခဲ့ပေမဲ့ ထိတွေ့မှု တချို့ကြောင့် ကျောက်မဲ မိုင်းလုံမြို့နယ်အတွင်း အရပ်သား လေးဦးသေဆုံးခဲ့ရတယ်လို့ ကျောက်မဲ မဲဆန္ဒနယ် အမှတ်၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးတင်အောင်ခိုင် ကဆက်လက်တင်ပြပါမယ်။