ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကစပြီး RCSS/SSA နဲ့ TNLA တပ်တွေအကြား သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နမ္မတူမြို့နယ် ပန်လုံကျေးရွာမှာ မနေ့ မနက်ကစပြီး တိုက်ပွဲတွေ ငြိမ်သက်သွားပါတယ်။ နှစ်ဖက်တပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အမျိုးသမီးလေးဦး လက်နက်ကျည်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့သလို ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
RFA သတင်းထောက် ကိုကံသာ က တင်ပြထားပါတယ်။