0:00 / 0:00
အာဏာရှင်တွေအကြောင်း ရိုက်ကူးလေ့ရှိတဲ့ ဆွစ်လူမျိုး ရုပ်ရှင်ဒါရိုက်တာတဦးက ဆရာတော် ဦးဝီရသူဆိုတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးပြီးစီးသွားလို့ ပြင်သစ်ရုပ်ရှင်ပွဲတော်မှာ ပြသပါတော့မယ်။ ဗုဒ္ဓဘာသာဆိုတာ မေတ္တာတရားအခြေခံရမယ်ဆိုပေမဲ့ တချို့သံဃာတွေလုပ်ရပ်က ဘုရားဟောတရားနဲ့ ဆန့်ကျင်နေတယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။ ဒီအကြောင်းတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြပါလိမ့်မယ်။