ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ ကြားကာလပညာရေးအဖြစ် ကိုယ်ထူကိုယ်ထ ကျောင်းပေါင်း ၁ဝဝ ကျော်ဖွင့်လှစ်ထားတယ်လို့ ကြားကာလ မြို့နယ်ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။


စစ်ကောင်စီနဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့ပေါ်ကလွဲလို့ ကရင်နီလက်နက်ကိုင်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ ရွာတွေမှာ ကျောင်းတွေ အများစုဖွင့်ထားနိုင်တယ်လို့ ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


တိုက်ပွဲတွေကြား ထွက်ပြေးရင် စာသင်နေကြရတာမို့ ကျောင်းသားတွေဟာ တာလပတ်မိုးကာ အဆောက်အအုံတွေမှာ ဖြစ်သလို စာသင်နေကြရတာ ဖြစ်ပါတယ်။


ဒီးမော့ဆို ပညာရေးဘုတ်အဖွဲ့အနေနဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနတို့နဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့ အကူအညီတွေရဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။