ပဲခူးမြို့မှာ ရပ်ကွက် ၁၃ ခုနဲ့ ကျေးရွာငါးရွာ ရေမြုပ်ခဲ့

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေလျှံပြီး ပဲခူးမြို့ပေါ် ရပ်ကွက် ၁၃ ခုနဲ့ ကျေးရွာငါးရွာ ရေနစ်မြှုပ်ခဲ့ပါတယ်။

ပဲခူးမြို့ရှိ ယာယီရေဘေးရှောင်စခန်းတွင် ခိုလှုံနေသူများအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရေဘေးသင့်ပြည်သူတွေဟာ နီးစပ်ရာ ယာယီရေဘေးရှောင်စခန်းတွေမှာ သွားရောက် နေထိုင်ခဲ့ရပါတယ်။

ပဲခူးမြစ်ရေလျှံပြီး ပဲခူးမြို့ပေါ် ရပ်ကွက်တချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်‌နေ့က တွေ့ရစဉ်။ (Photo: RFA)

ပဲခူးတိုင်း စစ်ကောင်စီနဲ့ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေရဲ့စာရင်းအရ လူဦးရေ နှစ်သောင်းနီးပါးဟာ ယာယီဒုက္ခသည်စခန်း ၃၄ ခုမှာ ခိုလှုံခဲ့ရပါတယ်။

ပဲခူးမြို့ရှိ ယာယီရေဘေးရှောင်စခန်းတွင် ခိုလှုံနေသူများအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ပဲခူးမြို့ရှိ ယာယီရေဘေးရှောင်စခန်းတွင် ခိုလှုံနေသူများအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

သြဂုတ်လ ၁၃ ရက်နေ့မှာ ရေအနည်းငယ် ပြန်လည်ကျသွားတာကြောင့် သူတို့ နေထိုင်ရာရပ်ကွက်နဲ့ ကျေးရွာတွေက နေအိမ်တွေကို လှေငယ်တွေနဲ့ ပြန်လည် သွားလာနေကြပါတယ်။