သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်

ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် တစ်သိန်းကျော် အငတ်ဘေးနဲ့ ကြုံနေရ
နယ်စပ် ဒုက္ခသည်စခန်းတွေက ကရင် နဲ့ ကရင်နီ (ကယား) လူမျိုး အများစုဖြစ်တဲ့ ဒုက္ခသည် ၁၀,၈၀၀၀ ဟာ လက်ရှိမှာ စားနပ်ရိက္ခာနည်းပါးနေပြီး လူသားချင်းစာနာထောက်မှုအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ အသက် ငါးနှစ်အောက် ကလေးတွေအတွက် ရိက္ခာ တစ်လ အမေရိကန် ၁.၅ ဒေါ်လာ (ထိုင်းဘတ် ၅၃ ဘတ်)၊ အသက် ငါးနှစ်အထက် အတွက် ရိက္ခာတစ်လ ၂.၄ ဒေါ်လာ ( ထိုင်းဘတ်ငွေ ၈၇ ဘတ်) အထိ သာ ရရှိပါတယ်။

KNA ခေါင်းဆောင် စောချစ်သူ နဲ့ သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ
အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ကရင်အမျိုးသား တပ်မတော် KNA ကို နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ပြီး ပိတ်ဆို့အရေးယူလိုက်သလို အဖွဲ့ ခေါင်းဆောင် စောချစ်သူ နဲ့ သူ့ရဲ့ သားနှစ်ဦးဖြစ်တဲ့ စောထူးအယ်မူး နဲ့ စောချစ်ချစ်တို့ကိုလည်း ပိတ်ဆို့မှု ချမှတ်လိုက်ပါတယ်။