လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ်ပြဿနာ

0:00 / 0:00

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တည်ဆောက်မယ့်အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြတဲ့အတွက် တရားစွဲခံရတဲ့ လူငယ်တွေဟာ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကာလက NLD ပါတီအောင်နိုင်ရေးအတွက် ဝန်းရံခဲ့သူတွေ ဖြစ်သလို၊ စစ်အစိုးရ လက်ထက်ကလည်း အာဇာနည်နေ့ အခမ်းအနားတွေကို အန္တရာယ်ကြားက ဆောင်ရွက်ခဲ့သူတွေ ဖြစ်တယ်လို့သိရပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်လို့ ကယားပြည်နယ်အခြေစိုက် LAIN “လန်း” နည်းပညာ အထောက်အကူပြုအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ကိုကျော်ထင်အောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။