0:00 / 0:00
ရခိုင်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ်ထဲမှာ တပ်မတော်သားတွေပါတဲ့ စက်လှေနဲ့ အရပ်သားတွေပါတဲ့ ကုန်တင်စက်လှေကို AA ရခိုင့်တပ်မတော်က ကုန်းပေါ်ကနေ ပစ်ခတ်ရာမှာ တပ်မတော်သားတချို့နဲ့ အရပ်သားတစ်ဦး သေဆုံးပြီး အရပ်သား ၃ ဦး ဒဏ်ရာရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒဏ်ရာသူတွေကို ကူညီပေးခဲ့သူထွေထဲက တစ်ဦးဖြစ်သူ ပလက်ဝမြို့က ဒေသခံတစ်ဦးကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
