ဘုံသဘောတူညီချက်တွေမလိုက်နာတဲ့ စစ်ကောင်စီကို အာဆီယံ အရေးယူဖို့လို

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.09.05

အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက်တွေကို ဆက်လက်ကိုင်စွဲထားမယ်ဆိုရင် အရေးယူဆောင်ရွက်မှုတွေလည်း တစ်ပြိုင်တည်းလုပ်ဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောလိုက်ပါတယ်။

ဂျာကာတာမှာ ကျင်းပနေတဲ့ အာဆီယံညီလာခံအရေး၊ လာမယ့်နှစ် လာအိုက အိမ်ရှင်အဖြစ် ဆောင်ရွက်မယ့်အချိန်မှာ မြန်မာ့အရေး ဘယ်လောက်အလေးပေးခံရမလဲ၊ စက်တင်ဘာလကုန်ပိုင်းမှာ ကျင်းပဖို့ရှိနေတဲ့ ကုလညီလာခံမှာ NUG ကိုယ်စားလှယ် ဆက်နေရာရမလား စတာတွေကို RFA သတင်းထောက် စောဖိုးခွားက ဝန်ကြီး ဦးမိုးဇော်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။