သတင်းမီဒီယာလွတ်လပ်ခွင့် ပြန်ကြားရေး ဒုတိယဝန်ကြီးနဲ့ မေးမြန်းချက်
2018.05.03
ဒီကနေ့ မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက်ဟာ ပြီးခဲ့တဲ့နှစ်တွေနဲ့ နှိုင်းစာလိုက်ရင် ကမ္ဘာ့အဆင့်မှာ ကျဆင်းသွားခဲ့ရပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ကျဆင်းသွားတာနဲ့ပတ်သက်ပြီး အရင်က ရိုက်တာသတင်းဌာနမှာ နှစ်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့သလို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကို RFA သတင်းထောက် ကိုထက်အာကာ က ဆက်သွယ်မေးမြန်းထားပါတယ်။