ရိုဟင်ဂျာတွေကို နိုင်ငံသားပေးပြီး ကုလသမဂ္ဂတပ်နဲ့ ကာကွယ်ပေးဖို့တောင်းဆို

2018-07-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာ့တပ်မတော်က တာဝန်ရှိသူတွေကို စစ်ရာဇဝတ်ကျူးလွန်မှုနဲ့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံး တင်ပြီးအရေးယူဖို့ အမေရိကန်အခြေစိုက် ကချင်အဖွဲ့၊ ဗြိတိန်အခြေစိုက် BRO-UK ရိုဟင်ဂျာအဖွဲ့နဲ့ HRW/ Fortify Rights စတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက အမေရိကန်အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အမေရိကန် အောက်လွှတ်တော်
နိုင်ငံခြားရေးရာကော်မတီရုံး အဆောက်အအုံမှာ ဇူလိုင်လ ၂၅ ရက် မနေ့က အမေရိကန် အောက်လွှတ်တော် လူ့အခွင့်အရေးကော်မရှင်က လက်ခံကျင်းပတဲ့ Victims' Rights in Burma ဆိုတဲ့ခေါင်းစဉ်နဲ့ ကြားနာပွဲမှာ တောင်းဆိုကြတာပါ။ BRO-UK အဖွဲ့က ကိုထွန်းခင်က... ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့နဲ့ သူတို့ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်နဲ့ အကာအကွယ်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။ ကိုထွန်းခင် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့