ချင်းပြည်နယ် ၈၀ ရာခိုင်နှုန်းကို တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားပါတယ်

ဝေမာထွန်း(ဝါရှင်တန်ဒီစီ)
2024.07.25

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်စခန်း ၅၆ ခုရှိပြီး ၄၉ ခုကို ချင်းတော်လှန်ရေးအဖွဲ့တွေက သိမ်းယူထားပြီးဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ပြောပါတယ်။

သိမ်းဖို့ကျန်နေတဲ့ တပ်စခန်းတွေက တပ်ရင်းဌာနချုပ်နဲ့ ဗျူဟာဌာနချုပ်တွေဖြစ်တယ်လို့ CHRO ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဆလိုင်းဘွေလျန်မန်းက ပြောပါတယ်။

ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ညီညွတ်မယ်ဆိုရင် ဒီနှစ်မိုးတွင်းမှာ ချင်းပြည်နယ် တစ်ခုလုံးကို စစ်ရေးအရထိန်းချုပ်နိုင်မယ်လို့ သူက သုံးသပ်ပါတယ်။ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ နိုင်ငံခြားရေးတာဝန်ခံလည်းဖြစ် ချင်းလူ့အခွင့်အရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ ဆလိုင်းဘွေလျန်မန်းကို RFA သတင်းထောက် မဝေမာထွန်း တွေ့ဆုံမေးမြန်းထားပါတယ်။

___________

ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ (CB) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်နဲ့ RFA ဆက်သွယ်မေးမြန်းချက်ကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။