တရုတ်အစိုးရက လက်ခံထားတဲ့ စစ်ပြေးဒုက္ခသည် သုံးထောင်လောက်ရှိ

2016-11-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုတွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံအရေအတွက် လေးသောင်းကျော်ရှိနေပြီလို့ မူဆယ်မြို့နယ် ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးသောင်းထွန်း က ပြောပါတယ်။

တရုတ်အစိုးရက လက်ခံကူညီထားတဲ့ အရေအတွက်က ၃၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

မူဆယ်မြို့နယ် ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးသောင်းထွန်း ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့