0:00 / 0:00
ပြီးခဲ့တဲ့ မတ်လ ၄ရက်နေ့က အထည်ချုပ်စက်ရုံ အလုပ်သမတွေကို ဖမ်းဆီးခဲ့ရာမှာ အရပ်သားတွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ မျက်မြင်သက်သေတွေ အဆိုအရ အဲဒီ့အရပ်သားတွေဟာ အကြမ်းဖက်ဖမ်းဆီးမှုတွေလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။