မိုင်းလားနဲ့ ဝ ခေါင်းဆောင်တွေ ကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

2016-07-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

သြဂုတ်လကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ဝ နဲ့ မိုင်းလားအဖွဲ့တွေလည်း တက်ရောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA၊ မိုင်းလားတပ်ဖွဲ့ NDAA က တာဝန်ရှိသူတွေနဲ့ ဒီနေ့တွေ့ဆုံရာမှာ တိုက်တွန်းပြောလိုက်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံအပေါ် ယုံကြည်ကြောင်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို စေ့စပ်ညှိနှိုင်းတဲ့ နည်းလမ်းနဲ့ အကောင်အထည်ဖော်တာကို ထောက်ခံကြောင်း ဝ နဲ့ မိုင်းလား အဖွဲ့တာဝန်ရှိသူတွေက ပြောကြားခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့