ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ပြောင်းမယ့်သတင်းအပေါ် NUG သဘောထား

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.07.26

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အခုလကုန်မှာ နေပြည်တော်အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ဖို့ အာဏာသိမ်းစစ်ကောင်စီက စီစဉ်နေတယ်လို့ ဒီရက်ပိုင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်မိနစ်မျှတောင် ချုပ်နှောင်ခံထားသင့်သူ မဟုတ်သလို သူ့ကို နေအိမ်အကျယ်ချုပ် ပြောင်းထားလိုက်တာနဲ့ တော်လှန်ရေး အပါအဝင် မြန်မာ့နိုင်ငံရေး အခင်းအကျင်းက ပြောင်းလဲမှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က ပြောပါတယ်။

စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကနေ ကင်းလွတ်ခွင့်မရှိအောင်လည်း ဆက်လက်ပြီး လုပ်ဆောင်ရမယ်လို့ သူကပြောပါတယ်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။