Johns Hopkins တက္ကသိုလ်သင်တန်းတွေ မြန်မာပြည်က ဘာ့ကြောင့်ရုတ်သိမ်းသွားတာလဲ

0:00 / 0:00

အမေရိကန်ထိပ်တန်း တက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ Johns Hopkins တက္ကသိုလ်က ရန်ကုန်တက္ကသိုလ် မှာ ၂ဝ၁၃ ခုနှစ်က စတင်ဖွင့်လှစ်လာခဲ့တဲ့ သင်တန်းတွေကို ရပ်ဆိုင်းဖို့ဆုံးဖြတ်ပြီ ဖြစ်ပါတယ်။

မူဝါဒတွေကို အမျိုးမျိုးနဲ့မကြာခဏ ပြောင်းလဲနေတဲ့တိုင်းပြည်မှာ အလုပ်ဆက်လုပ်ဖို့ မသင့်တော်ဘူးလို့ ယူဆတဲ့အတွက် အခုလိုဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ Johns Hopkins သင်တန်းတွေ ဖွင့်လှစ်နိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့တဲ့ မင်္ဂလာမြန်မာအဖွဲ့က ပြောပါတယ်။

မင်္ဂလာမြန်မာအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဖုန်းဝင်းကို RFA ဝိုင်းတော်သူ မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။