ကျပ်သိန်းပေါင်း တစ်သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

2015-07-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မနေ့က မနက်အစောပိုင်း မင်္ဂလာဒုံမြို့နယ်က ခြောက်လမ်းသွားလမ်းမကြီးပေါ်မှာ ရပ်ထားတဲ့ ကုန်တင်ကားတစ်စီးကို တာဝန်ကျလှည့်ကင်းရဲတပ်ဖွဲ့က စစ်ဆေး ရာမှာ ငွေကျပ် သိန်းပေါင်းတစ်သန်းကျော် (ကျပ်ငွေ ၁၃၃ ဘီလီယံ) တန်ဖိုးရှိတဲ့ မူးယစ် ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီကားဟာ ပိုင်ရှင်မရှိဘဲ ရပ်ထားတဲ့ကားဖြစ်ပြီး ဇေကမ္ဘာအိမ်ရာဝင်းအနီးမှာ ရပ်ထားစဉ်ဖမ်းဆီးမိတာလို့ သိရပါတယ်။ မင်္ဂလာဒုံမြို့နယ်ရဲစခန်းက စခန်းမှူး ရဲမှူးဝင်းရွှေကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

 

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့