0:00 / 0:00
စက်သုံးဆီ လက်လီဈေးနှုန်းတွေဟာ အဆမတန် ဈေးကြီးနေတာကြောင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းကနေ သတ်မှတ်ထား တဲ့ ဈေးနှုန်း အတိုင်းသာရောင်းချကြဖို့အတွက် ဇန်နဝါရီလ ၁၈ ရက်နေ့ မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အရင်က ဒီဇယ်၊ ဓာတ်ဆီ တစ်ဂါလံကို ကျပ် ၃ ထောင်ကျော်လောက်ရှိရာကနေ ကျပ် ၂၂၀၀ နှုန်းလောက် ကျဆင်းသွားနိုင်လိမ့်မယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းရဲ့ ရုံးအဖွဲ့မှုး ဗိုလ်မှုးကြီး ဝင်းနိုင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်း ထားပါတယ်။