တောင်ကိုရီးယားဖြစ်ရပ် ဆရာမ ချမ်းမြမြသော်နဲ့ ဆက်သွယ်မေးမြန်းချက်

လူပေါင်း ၁၅၆ ယောက် သေဆုံးခဲ့ရပြီး ၁၈၇ ယောက် ဒဏ်ရာခဲ့ရတဲ့ ကိုရီးယားနိုင်ငံ အီထယ်ဝန်က Halloween ပွဲ လူပိတဲ့ဖြစ်ရပ်မှာ - မြန်မာနိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရခဲ့ရင် သံရုံးကို အကြောင်းကြားဖို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲမှာ နိုင်ငံခြားသားအယောက် ၂ဝ ပါဝင်ပြီး အဲ့ဒီအထဲက ၁၁ ယောက်ကို နိုင်ငံအမည်ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ သံရုံးကြေညာချက်မှာ ဖော်ပြထားတာပါ။

ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေပါ သွားရောက်ခဲ့တဲ့ ဒီပွဲရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို သိနိုင်ဖို့ ကိုရီးယားမှာနေထိုင်တဲ့ ဆရာမ ချမ်းမြမြသော်ကို မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။