အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံခဲ့ရသူ သားထောင်ရဲ့မိသားစုပြောပြချက်

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ သားအတွက် ယူကျုံးမရဖြစ်ရပေမဲ့ သားဖြစ်သူ နိုင်ငံအပေါ် ပေးဆပ်ခဲ့တဲ့အတွက် ဂုဏ်ယူနေတယ်လို့ မောင်ထက်မြတ်စိုး (ခေါ်) သားထောင်ရဲ့ မိဘတွေကပြောပါတယ်။ မီးရှို့သတ်ဖြတ်ခံရသူ သားထောင်ဟာ အသက် ၂ဝ ပဲရှိပါသေးတယ်။

သားထောင်ရဲ့ မိဘတွေကို RFA သတင်းထောက် စောဖိုးခွားမေးမြန်းတင်ပြထားပါတယ်။