ပုဂ္ဂလိကဘဏ် တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပုဂ္ဂလိကဘဏ်တွေဟာ ပုံမှန်အတိုင်း လုပ်ငန်း မလည်ပတ် နိုင်တော့လို့ ပြည်သူတွေဟာ ငွေထုတ်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လူတွေစိုးရိမ်နေကြသလို ဘဏ်တွေပြိုလဲသွားနိုင်မလားနဲ့ ဘဏ်စနစ် ပုံမှန်လည်ပတ်နိုင်ဖို့နဲ့ ပတ်သက်ပြီး လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ပုဂ္ဂလိကဘဏ်တာဝန်ရှိသူတစ်ဦးကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။