လူအုပ်ကြီးတွေနဲ့စီတန်းလှည့်လည် မဲဆွယ်စည်းရုံးရေး ဆင်းနေတာက အန္တရာယ်ကို လက်ယက်ဖိတ်ခေါ်သလို ဖြစ်နေကြောင်းနဲ့ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကိုလျှော့မတွက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက စက်တင်ဘာ ၂၂ ရက်နေ့ RFA နဲ့ သီးသန့် အင်တာဗျူးမှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
RFA ဝိုင်းတော်သား ကိုမိုးမြင့် ဆက်သွယ်မေးမြန်းထားပါတယ်။