ရခိုင်အမျိုးသားပါတီ (ANP) လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ မေးမြန်းချက်


2020-09-15
Share
tuntunaung-anp-thumb-622.jpg စစ်တွေမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ (ANP) လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းအောင် ကို တွေ့ရစဉ်
ဓာတ်ပုံ - နီမင်းထွန်း/ RFA

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကပ်ရောဂါဘေးနဲ့ စစ်ဘေးကို တစ်ပြိုင်နက်တည်း ကြုံတွေ့နေရတာကြောင့် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေမှာ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက မဲဆွယ်စည်းရုံးရေးအခြေအနေနဲ့ ရွေးကောက်ပွဲအပေါ်မဲဆန္ဒရှင်တွေစိတ်ဝင်စားမှု စတာတွေနဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ (ANP) ကနေ စစ်တွေမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းအောင်ကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ဒီနေ့မနက်က စစ်တွေမြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့