ယောပြည်သူ့ကာကွယ်ရေး တပ်မတော် လက်နက်နဲ့ရိက္ခာ လိုအပ်နေ

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.07.07

မကွေးတိုင်းမှာ နွေဦးတော်လှန်ရေး ဆင်နွှဲနေတဲ့ ယောပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ လောလောဆယ်မှာ စစ်တပ်ရဲ့လမ်းကြောင်းတွေကို မိုင်းခွဲတိုက်ခိုက်တာနဲ့ ဒလန်ရှင်းလင်းရေးလုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်နေတယ်လို့ အဖွဲ့ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူးနဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝေစိုးထိုက် က ပြောပါတယ်။

ဒလန်တွေကြောင့် ကူညီမယ့်သူတွေက မကူညီနိုင်ဖြစ်နေလို့ တပ်ဖွဲ့အတွင်း လက်နက်နဲ့ ရိက္ခာ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ ဦးဝေစိုးထိုက်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။