0:00 / 0:00
မြန်မာနိုင်ငံထဲက တရားစီရင်ရေးပိုင်းတွေမှာ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ ရှိနေပြီး တပ်ပိုင်းဆိုင်ရာအရာရှိတွေရဲ့ ဖိအားပေးမှုတွေလည်းရှိနေသေးတာ တွေ့နေရတယ်လို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။
ဒါ့အပြင်လည်း တရားဥပဒေစိုးမိုးရေးအတွက် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေမှာ အစိုးရပိုင်းအနေနဲ့လည်း ပါဝင်မှုအားနည်းတယ်လို့လည်း ထောြက်ပပါတယ်၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။