0:00 / 0:00
ဒီလအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကရင်ပြည်နယ် အာရှလမ်းမကြီးတစ်လျှောက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သောင်းလောက် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ အစိုးရတပ်မတော်အနေနဲ့ ထိုးစစ်ဆင်နေတာတွေကို ရပ်တန့်ပေးဖို့ နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂ဝ က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။
အိတ်ဖွင့်ပေးစာ ပေးပို့တာနဲ့ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။