ကာကွယ်ရေးဦးစီးချုပ်နဲ့ ကချင် ဘာသာရေး ခေါင်းဆောင်တွေ ဆွေးနွေး

စောဖိုးခွား
2020.12.01

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌ ‌ဒေါက်တာ ခလမ်ဆမ်ဆွန်ဦးဆောင်တဲ့အဖွဲ့နဲ့ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတွေ့ဆုံခဲ့ပြီး မြစ်ဆုံစီမံကိန်းအပါအဝင် ကိုဗစ်ရောဂါကူးစက်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒုက္ခသည် နေရပ်ပြန်လည်အခြေချရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 

ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော်  ဒေါက်တာ ခလမ်ဆမ်ဆွန်ကို RFA ဝိုင်းတော်သား စောဖိုးခွားက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။